ဒို့ရဲ့ခံစားချက်တွေကို
လျစ်လျူရှုတတ်ခဲ့တဲ့ အဝေးကချစ်သူရေ
ဒို့ဘ၀မှာ အစ်ကိုနဲ့တွေ့မှ
မြတ်နိုးစွာကိုးကွယ်ခဲ့မိတဲ့အချစ်ဆိုတဲ့အရာက
မျက်ရည်တွေကိုဘဲဖန်ဆင်းတတ်သလား
ဒဏ်ရာတွေကိုပဲပေးစွမ်းတတ်သလား။
နာကျင်ကြေကွဲမှုတွေကိုပဲ ဖြစ်စေတတ်တာလား
ဒို့ရင်ထဲကမေးခွန်းပေါင်းများစွာအတွက်ပြန်ဆုံမယ့်နေ့ကို
မဖြစ်နိုင်တော့မှန်းသိပေမယ့်
မျှော်လင့်နေသေးတယ်။
အချစ်ဦးလည်းဖြစ်ခွင့်မရှိသလို
အချစ်ဆုံးလည်းဖြစ်ခွင့်မရလိုက်တဲ့ဘ၀မှာ
ဆက်ချစ်နေခွင့်တော့ရှိပါရစေ။
ဘယ်အချိန်ပဲရောက်ရောက်
အမှတ်မရှိသေးတဲ့ နှလုံးသားတစ်စုံကတော့
အစ်ကို့အတွက် နားလည်မှုတွေနဲ့ ပေးဆပ်နေဦးမှာပါ။
အစ်ကိုဘယ်တော့မှ ပြန်မဆုံတော့ရင်လည်း
အလွမ်းတွေနဲ့အတူ အပြီးတိုင် သော့ခတ်သိမ်းထားလိုက်ပါ့မယ်
0 comments:
Post a Comment