ထီသိုဝ်သီးလ်ုဖးယှူးမုဂ်ဘှ်ယဝ့် ကျာ်သြီ့ထင်းထဝ့် ဍုဂ်ပါင်လာ.ဆ်ာကိုဝ်ဟှာဍေ လာရောက်လည်ပတ်သောမိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ထာဝစဉ်ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဦးစွာအင်ကြင်းချစ်သူမှမေတ္တပို့သတ်လျှက်ရှိပါတယ်
ရုပ်လှနေဖို့မလိုပါဘူး နှလုံးသားလှနေဖို့ပဲ လိုပါတယ် ငွေကြေးချမ်းသာဖို့ မလိုပါဘူး အကျင့်သိက္ခာမဆင်းရဲဖို့ပဲ လိုပါတယ် ပညာတတ်ကြီးဖြစ်ဖို့ မလိုပါဘူး ပညာမမဲ့ဖို့ပဲလိုပါတယ် ချွေတာတတ်ဖို့မလိုပါဘူး သုံးစွဲတတ်ဖို့ပဲလိုပါတယ် လူတိုင်းကိုချစ်တတ်ဖို့မလိုပါဘူး လူတိုင်းကိုကြင်နာတတ်ဖို့ပဲလိုပါတယ် စကားပြောကောင်းဖို့မလိုပါဘူး စကားပြောတတ်ဖို့ပဲလိုပါတယ် ခေတ်ဆန်လွန်းစရာမလိုပါဘူး ခေတ်နဲ့လိုက်လျော်ညီထွေတတ်ဖို့ပဲလိုပါတယ် အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ မလိုပါဘူး ဘဝဖော်ကောင်းတစ်ယောက်ဖြစ်ဖို့ပဲလိုပါတယ် အချစ်ကြီးချစ်ဖို့မလိုပါဘူး သဘောထားကြီးပြီး နားလည်မှရှိဖို့ပဲလိုပါတယ် နေရာတကာ လျော့ပေးဖို့မလိုပါဘူး ကြည်ဖြူစွာခွင့်လွတ်တတ်တဲ့စိတ်ထားလေး ရှိဖို့ပဲလိုပါတယ်

Friday, April 13, 2012

ငါ့ရဲ့ပြယုဂ်



အိပ်မရတဲ့ ညတွေထဲမှာ
ဒဏ်ရာတွေနဲ့ တနင့်တပိုး ဖြစ်ခဲ့ရဖူးတယ်

ရည်မှန်းချက်နဲ့ အုတ်မြစ်တွေလည်း
အဆင်မပြေတဲ့ မနက်ဖြန်တွေထဲမှာ ဖရိုဖရဲ လဲပြိုဖူးတယ်

မျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်အိပ်မက်တွေလည်း
ကြောက်စရာကောင်းတဲ့
ညတွေထဲမှာ
ချစ်သူကို
စောင့်ရင်း မိုးလင်းခဲ့ရဖူးတယ်

ကြိုးစားမှုနဲ့ဘ၀ရဲ့ ခြေလှမ်းတွေလည်း
ကွေ့ကောက်တဲ့ လမ်းတွေထဲမှာ
မနင်းမနိုင်
ယိမ်းယိုင်ခဲ့ရဖူးတယ်

ဒီအချိန်မှာ
အရာရာ
လို
ရစေဖို့
ဇော်ဂျီလို
ဆေးတောင်ဝှေး
တစ်ချောင်းလောက်
ရှိခဲ့ရင်လည်း ကောင်းရဲ့

ဒါပေမယ့်ကွယ် . . . . . .
ပန်းကောက်ဖို့
ရောက်တဲ့အချိန်မှာ
ပန်းတွေ မကြွေတော့ဘူး
အဲ့ဒါ . . . တကယ်ဘုရားစူးရစေရဲ့
မုသားမပါတဲ့ ငါ့ရဲ့ ပြယုဂ်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...
အှ်ဆင်.လာဆ်ာတာဏင့် ယ်ုသာယူဏ်ုဖာဍောဟ် ယှူးမုဂ်ဍုဂ်ပါင်လာ.ဆာ်

Template by:

Free Blog Templates