ရင်တွင်းခံစား
ရင်ထဲ ကခံစားချက်
ဖွင့်မပြနိုင်လို့အောက်အီပြီးညစ်ထုတ်
်ရင်ထုမနာခံစား
ရင်ဖွင့်သံလေးမကြားတကြား။
မမှီလိုက်တဲ့သမိုင်းလေးတခု
နားလည်အောင် လေ့လာကြိုးစားရင်း
ခုတော့ ပြန်ပြီးပေးဆက်လိုက်ရတဲ့
ဘဝတွေက မနည်းပါလား။
မိုးခေါင်သလိုမျိုး
ငါတိုရဲ့ဘဝတွေ ခေါင်နေခဲ့ရတာ
နှစ်ပေါင်း ၆၀ တောင်ကျော်ခဲ့ပြီး။
ဝေဒနာဆိုတာ
အရောင်အဆင်းမရှိဘူး
နာကျည်းခံစားမူဆိုတာပဲသိတယ်
ဘဝပေါင်းများစွာပေးဆပ်ပြီး
အသက်ပေါင်းများစွာ စတေးလိုက်ရတယ်
ခုချိန်ထိလည်းပြေးလွားနေရတုံး။
သေနတ်သံ ဗုံးသံ တွေထဲ
အသက်ကိုအရင်းတည်
နာကြည်းစိတ်ဓါတ်
မခံနိုင်မူ ရင်ဖတ်လောင်ကျွမ်း
သွေးများဆူပွတ်
အံ့ကိုကြိတ်ပြီး တောက်ခေါက်သံတွေ
နှလုံးသားထဲမှာ နာကြင်နေတုံး။
တခါတရံမှာ
လိုချင်တဲ့အရာ ဖြစ်ချင်တဲ့ဆန္ဒ
ဆုတောင်းများပြည့်နိုင်မှာလား
ကိုယ်တိုင်ကြိုးစားပြီး
စုပေါင်းညီညွတ်ကြရင် ပန်းတိုင်ဆိုတာ
ရှာလိုမရလေပြီးလား
ကံကြမ္မာရယ်.....
အားတော့မလျှော့ချင်ပါဘူး
တနေ့နေ့.....တော့
ပန်းတိုင်ဆိုတာ......။

Yangon (Rangoon) Time
"/>
0 comments:
Post a Comment