
သံယောဇဉ်ဆိုတာ ဘာလဲ?
ငါစွန့် ခွာဖို့ အခါခါကြိုးစားတယ်..
ငါစွန့် ခွာမသွားဖို့ နင်အတန်တန်ဆွဲထားတယ်..
ဒါဟာ သံယောဇဉ်လား..? အချစ်လား ?
အချစ်ဆိုတာဘာလဲ..?
ရင်ဘတ်ထဲကလာတာလား..?
နှုတ်ဖျားသက်သက်ဘဲလား ?
ချစ်စကားတစ်ခွန်းရဲ့ နောက်ကွယ်မှာ
ခံစားမှုတွေပါလာလား..
ဟန်ဆောင်ခြင်းသက်သက်ပဲလားဆိုတာ.
ဝေခွဲမရတဲ့ အဖြစ်..
တစ်ဦးစိတ်ကို တစ်ဦးနားလည်နေတဲ့ 
ဒို့ နှစ်ယောက်ရဲ့ အဖြစ်က
သံယောဇဉ်လား ? အချစ်လား ?
0 comments:
Post a Comment