အချစ်နဲ့ငါနဲ့..... မင်းရဲ့တစ်ခြားတစ်ဖက်
++++ ည... ည တွေတိုင်းမှာ
ငါအိပ်မပျော်တော့ဘူး...( ပျော်အောင်အိပ်လို့မရတာ)
ငါ့ရဲ့ညတွေကိုခိုးယူသွားတာနင်လေ......။
++++ အချစ်ဆိုတာဒင်္ဂါးပြားလေးလှည့်ရသလိုပဲတဲ့
ငါဖတ်ဖူးခဲ့တဲ့စာလေးတစ်ကြောင်းလေ...
ဒီလိုပဲချာချာလည်နေအောင်...နင့်ကိုချစ်လိုက်ရတာ
တွေးရင်းတွေးရင်းနာကျင်အောင်ငါ့အသဲထဲစိမ့်ဝင်နေတယ်....။
++++ တစ်ခါတစ်လေနင့်အသံက
အားငယ်တတ်တဲ့ငါ့အတွက်အားအင်တစ်ခုဖြစ်စေတာ
ခဏဖြစ်ဖြစ်နင်တွေးပေးပါလား...... ချစ်သူ..
ဒါကိုနင်သိရက်နဲ့ .....
မလိုလားအပ်တဲ့အဆိပ်တွေကိုခဏ..ခဏထုတ်မသုံးပါနဲ့လား ...။
++++ အရာရာအထီးကျန်နေတဲ့ငါ
ချစ်ခြင်းမေတ္တာပါအထီးကျန်သွားရင်...
ဒီလိုပဲ.... နင့်ကိုသာစွန့်လွတ်လိုက်ရရင်.......။
++++ ချစ်သူ...မင်းနဲ့ပတ်သက်ပြီး
ပျော်စရာတွေတွေးထားပါတယ်...
ဒီလိုပဲ .............
မပျော်စရာတွေဖြစ်လာနိုင်တာကိုလည်းကြိုတွေးထားလိုက်ပါတယ်..။
0 comments:
Post a Comment